ခမ်းသားငေါဝ်း
မေ ၈၊ ၂၀၂၄

ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် နေ့စဥ်နှင့်အမျှစစ်ဘေးရှောင်များထပ်မံရောက်လာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေကြောင်း ဒေသခံကပြောသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေသည်၊၊

“စစ်ဘေးရှောင်လာသူတွေထဲမှာ အိမ်ငှားနေသူအချို့ ရှိသလို အများစုမှာဘုန်းကြီးကျောင်းမှာနေကြပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တချို့ကအရင်ပါတ်ကတည်း ရောက်လာသူများရှိသလို ယနေ့လည်းအများကြီးထပ်ရောက်လာကြောင်းအားလုံးပေါင်း ခန့်မှန်းချေ ဦးရေ ၃၀၀၀ ကျော်လောက်ရှိကြောင်း၄င်းကဆက်ပြောသည်။

စစ်ဘေးရှောင်လာသူများသည် နောင်ကျော၊တဘက်အုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စုများမှ ဖြစ်ပြီးတိုက်ပွဲဖြစ်ပွား၍ရှောင်လာခြင်း ဖြစ်ကြောင်း ၎င်း ကဆိုသည်။

ယခု ဆီဆိုင်မြို့တွင်းတွင် တိုက်ပွဲ ငြိမ်နေသော်လည်း ဆီဆိုင်မြို့တောင်ဘက်၊ ကယားပြည်နယ်စပ်၊ တောင်ရှေ့ကျေးရွာအုပ်စု ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *