ခမ်းသားငေါဝ်း
မေ ၊ ၇၊ ၂၀၂၄

လုံးပျဉ်ရွာကဒေသခံ စစ်ဘေးရှောင်ရာမှ ရွာပြန်လာသည့် လင်မယား ၂ ဦး ရွာမရောက်ခင် ဝါးရုံတောတွင်ဆိုင်ကယ် မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံကဆိုသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊နန်းထာရွာသို့စစ်ဘေးရှောင်နေသည့် လုံးပျဉ်ရွာနေ ဦးခွန်ဘုန်းနှင့် နန်းခင်ထွေးတို့သည် မေလ ၅ ရက်နေ့ကအိမ်ပြန်လာစဉ် လမ်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်၊၊

“သူတို့က ရိက္ခာတစ်ချို့နဲ့ အိမ်မှာ ဝယ်ထားတဲ့ မျိုးစေ့တွေ ပြန်ယူတာ။ ရွာမရောက်ခင် ဆိုင်းဘုတ်နားပဲ သူတို့စီးတဲ့ဆိုင်ကယ်က မိုင်းနင်းမိတာ “ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

နှစ်ဦးစလုံးသည် ခြေထောက်ပေါ် မိုင်းစထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ဆောင်းပြောင်းဆေးရုံတွင်ဆေးကုပေမယ့် ဒဏ်ရာပြင်းထန်ခြင်းကြောင့် တောင်ကြီး ဆေးရုံသို့ လွဲပြောင်း ကုသရကြောင်း သိရသည်။

လုံးပျဉ်ကျေးရွာသည် ပြီးခဲ့သည့် မတ်လတွင် တိုက်ပွဲပြင်ထန်းပြီးနောက် ဒုတိယအကြိမ် စစ်ဘေးထပ်မံထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မေလ ၁၂ ရက်နေ့တွင်လည်း လုံးပျဉ်ရွာနေ ခွန်ငွေလှိုင်လည်း ကျေးရွာအနီး မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *