ခမ်းသားငေါဝ်း
မေလ ၇၊ ၂၀၂၄

PNO ပြည်သူ့စစ် (ခမ်းဗွေ) ဖြားဆရာခေါင် အမိန့်ဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းရန် တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာအုပ်စုအတွင်း တစ်ရွာ သုံးဦးအတင်းခေါ်ယူနေကြောင်း ဒေသခံများထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုအတွင်း မေလ ၆ ရက်နေ့က အစည်းဝေး ခေါ်ယူ ကာ စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦး စာရင်းပေးရပြီး လူမပေးနိုင်ပါက လူတစ်ဦးကို ငွေသိန်း ၈၀ ပေးဆောင်ရမည်ဟု သိရသည်။

‘’ပြည်သူ့စစ်အတွက်ခေါ်တာမဟုတ်ဘူးဗျာ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်လို့ပြောတယ်၊အစည်းအဝေးမှာ ငြင်းကြသေးတယ် ဘယ်သူမှမဝင်ချင်ဘူး၊ မဝင်ရင် လူ ၃ ယောက်စာအတွက် တစ်ယောက်ကို သိန်း ၈၀ ပေးရ မယ်ဆိုတော့တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ကောက်ရမှာခုချိန်မှာ အိမ်တိုင်းကခက်ခဲနေကြတယ်” ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကျေးရွာရှိပြည်သူများသည် ငွေကြေးမတတ်နိုင်ကြ၍ စစ်မှုထမ်းရန်တစ်ရွာတွင် ၃ ဦးကို စာရင်းပေးခဲ့ရပြီး လူတစ်ဦးကို နှစ်နှစ် စစ်မှုထမ်းရမည်ဟု လည်းပြောဆိုကြောင်းသိရသည်။

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှာ ၃၅ နှစ်အတွင်းဟုပါရှိသော်လည်း လက်ရှိကျေးရွာအတွင်း ထိုအသက် အရွယ်ရှိလူငယ်များသည် နိုင်ငံခြားသို့သွားရောက်အလုပ်သွားလုပ်ကြသည့်အတွက် ကျန်ရှိသည့်အသက် ၄၀ ကျော်များက ကိုယ်စား စာရင်းသွင်းရဖြစ်ကြောင်းသိရသည်။

‘’လူငယ်တွေက ပြည်ပရောက်ကုန်ပြီ၊ တစ်ချို့ရွာသူကြီးလက်ထောက်တွေက ပြည်ပမှာရှိတဲ့လူငယ်ကို အကုန်ပြန်ခေါ်မယ်လည်းပြောတယ်၊ ခုစာရင်းပေးရတဲ့သူတွေက သူတို့သားသမီးတွေ ပြည်ပရောက်ကုန် တော့ သူတို့ကိုယ်တိုင်ပဲ ကိုယ်စားစာရင်းထဲထည့်လိုက်တာ” ဟုဒေသခံကပြောသည်။

စစ်ကောင်စီ ခေါ်ယူသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း ဒုတိယအကြိမ်ကို ဧပြီလအတွင်းကတည်းကပင် စာရင်း လိုက်ကောက်နေပြီး၊ လူငယ်အတော်များများသည်လည်း ပြည်ပသို့ရောက်ရှိကြကုန်ပြီဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသရှိ ပြည်သူများသည်၊ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအပြင် လက်နက်ကိုင်အဖွဲ့အစည်း၏ တပ်သားသစ်စုဆောင်းခြင်း၊ ပြည်သူ့စစ်တပ်သားခေါ်ယူခြင်းများကို အတင်းအဓမ္မ ခံနေရကြောင်းသိရသည်။

Ppv002

Leave a Reply

Your email address will not be published. Required fields are marked *