ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၄

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဗွာရွာတွင်မေလ ၆ ရက်နေ့ကဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းသွားခဲ့ကြောင်း PNLA ကထုတ်ပြန်ထား သည်။

“သူတို့က လူထုတွေကို လူသားဒိုင်း အနေနဲ့ လုပ်ပြီး ဖမ်းဆီးထားတာဖြစ်တယ်။ ဒါက စစ်ရာဇဝတ်မှုကျူးလွန်ဒါဖြစ်တယ်။ လူ့အခွင့်ရေစချိုးဖောက်တာပဲဖြစ်တယ်။” ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ကခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံများတွင် အမျိုးသား ၅ ဦး အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး အမျိုးသမီးထဲတွင် ကိုယ်ဝန်သည်အမျိုးသမီးတဦးလည်းပါဝင်ကြောင်း ၄င်းကဆက်ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသားတဦးလည်း စစ်ဘေးရှောင်ရာနေရာသို့ ပြန်မရောက်လာပဲ ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *