ခမ်းသားငေါဝ်း
မေ ၇ ၊ ၂၀၂၄

စစ်ကောင်စီက လေယာဥ်နှင့်ဗုံးကြဲသောကြောင့် လူနေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ လုံးပျက်စီးသွားပြီး ဘုန်းကြီး ၁ ပါးထိခိုက်ဒါဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်ထွီခရိုင်( ညောင်လေးပင်ခရိုင်)၊ မူး(မုန်း) မြို့နယ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို မေလ ၁ ရက်နေ့နံနက်ပိုင်းတွင်လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ခြင်းကြောင့်လူနေအိမ်နှင့် ဘုန်းကြီးကျောင်းပျက်စီးပြီး ဘုန်းကြီး ၁ ပါးဒဏ်ရာရခဲ့သည်၊၊

စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဥ်အမျိုးအစား( ဗုံးသီးပေါင် ၅၀၀) ဖြင့် ကေအဲန်ယူ-မုန်းမြို့နယ် ထိန်းချုပ်နယ်မြေဖြစ်သော မိုးညှင်းဒဲရွာတွင်တစ်ကြိမ်၊ ကွီးဒိုရွာအနီးတွင်တစ်ကြိမ်၊ ထီးခထား ကျေးရွာတွင် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးသွားကြောင်းထုတ်ပြန်ချက်တွင်ဆိုသည်။

ထို့အပြင် ရခိုင်တောင် နေရာတွင် လေယာဥ်ဖြင့်ထပ်မံပစ်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်း ၁ လုံးပျက်စီးခဲ့ပြီး ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ppv 003

Leave a Reply

Your email address will not be published. Required fields are marked *