ခမ်းသားငေါဝ်း
မေလ ၆၊၂၀၂၄

ကရင်နီပြည် ဖားဆောင်းဘက်သို့လာသည့် စစ်ကောင်စီတပ် ရဟတ်ယာဉ်ကိုယနေ့ မေလ ၆ ရက်နေ့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချနိုင်ခဲ့ကြောင်းသိရသည်။

ပစ်ချခံရသည့် ရဟတ်ယာဉ်သည် ဘောလခဲမြို့နယ်အတွင်း ကျသွားတာဖြစ်ပြီး ယာဉ်မောင်း ၂ ဦးလုံး သေဆုံးကာ ရဟတ်ယာဉ်ထဲ ပါလာသည့် စစ်သည်များကိုကို တခြားရဟတ်ယာဉ်တစ်စီးနှင့် ပြန်လည်ခေါ်ယူသွားသည်ဟု ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားထားကြောင်းသိရသည်။

“မြန်မာစံတော်ချိန် ၁၁း၀၀ နာရီချိန် ဖားဆောင်းသို့ ဆင်းသက်သော ရဟတ်ယာဉ် အမှတ် ၁၇ သည် မိမိဘက် စတင်ပစ်ခတ် ၁၁း၁၅ ချိန်ခန့် ဘောလခဲဘက်မှာ ကျပြီး ရဟတ်ယာဥ်မောင်း သူ ၂ ဦးသေပြီး ပါလာတဲ့ စစ်သည်တွေကို အခြားရဟတ်ယာဥ် ၁စီးဖြင့် ပြန်လည်ခေါ်ယူပြီး ဘောလခဲသို့ ဆင်းသက်သည့် ဖြစ်စဥ်မှန်မှန်ကန်ကြောင်း အတည်ပြုပါတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောထားသည်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်းအသုံးပြုပစ်ခတ်နေကြောင်းသိရသည်။

ppv002

Leave a Reply

Your email address will not be published. Required fields are marked *