ခမ်းသားငေါဝ်း
မေ ၄၊ ၂၀၂၄

မြန်မာနိုင်ငံရှိအကျဥ်းထောင်များထဲ၌ မတရားဖမ်းဆီးခံရသည့် လိင်စိတ်ခံယူမှုကွဲပြားသူ LGBTIQ များအား နှစ်ကြီးအကျဥ်းသားများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ အမြတ်ထုတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း အန္တရာယ်များနှင့်ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ယှက် PPNM ထုတ်ပြန်ချက်တွင်ဆိုထားသည်။

လိင်စိတ်ခံယူမှုကွဲပြားသူများထဲတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ်(၉၆)နှစ် အမိန့်ချမှတ်ခြင်းခံထားရသည့် အသက်(၂၄)နှစ်အရွယ် LGBTQ+စိတ်တိမ်းညွတ်သူ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို(ခ)ရဲရဲလည်းပါခဲ့သည်၊၊

ပြီးခဲ့သည့်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း သာယာဝတီအကျဥ်းထောင်ထဲတွင် လိင်စိတ်ခံယူမှုကွဲပြားသူ ရဲရင့်ကိုကို(ခ)ရဲရဲအား တစ်တိုက်ထဲနေသည့် အခြားရာဇဝတ်မှုဖြင့်သေဒါဏ်အမိန့်ချထားခံရသူမှ မုဒိန်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မုဒိန်းကျင့်ခြင်းကို ငြင်းဆန်သည့် အတွက် သေဒဏ်ကျအကျဉ်းသားမှ ကျောက်စရစ်ခဲ(ပစ္စည်းအမာ)ဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့သည့်အတွက် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် သွားရောက်၍ ဦးခေါင်းဒဏ်ရာအား ချုပ်ခဲ့ရကြောင်း သိရသည်၊၊

လိင်စိတ်ခံယူမှုကွဲပြားသူများအား အကျဉ်းထောင်များအတွင်း ကောင်းမွန်သည့်အကာအကွယ် အစောင့်အရှောက် မရရှိသည့်အပြင်ကျူးလွန်သူ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *