ခမ်းသားငေါဝ်း
မေလ ၅၊ ၂၀၂၄

ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ စေတီတော်တွင် စခန်းချနေထိုင်သည့်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ဖက်အရာရှိ တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းမေလ၃ ရက်က DMO ၁၁၀၆ တပ်ရင်းသတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်နေ့၌ ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဖားဆောင်းမြို့နယ် ပါပုကျေးရွာ‌ တွင် တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်ဝင်တိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ(၁၆)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအမြောက်အများရရှိကာ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲအတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူ(၁၃၀)ကျော်ကို တော်လှန် ရေးတပ်ဖွဲ့များမှ ကယ်ထုတ်ခဲ့ပြီး ဘေးကင်းရာနေရာများသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့အ​ပြင် ဧပြီလ ၁၂ ရက်နေ့‌တွင်လည်း ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၈၀) ကျော်သေဆုံး ဗျုဟာမှူးအပါအဝင်(၅၆)ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ထိုတိုက်ပွဲများတွင်DMO ၁၁၀၆ တပ်ရင်းများနှင့်အတူ အလယ်ပိုင်းတိုင်း ကရင်နီစစ်ဒေသ PDF တပ်ရင်းများ၊ ကလလတ၊ KA၊ KNDFနှင့် အခြားတပ်ပေါင်းစုများ ပါဝင်ခဲ့သည်ဟုသိရသည်။

DMO ၁၁၀၆ တပ်ရင်းအနေနှင့် တော်လှန်ရေးတပ်ပေါင်းစုများနှင့်အတူ အာဏာရှင်စနစ်ကျရှုံးသွားသည်အထိ တိုက်ပွဲဝင်သွားမည်ဟုပြောဆိုထားသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *