ခမ်းသားငေါဝ်း
မေ ၄ ၊ ၂၀၂၄

ဖယ်ခုံမြို့နယ်တွင် မိုးကြီးလေပြင်းတိုက်သဖြင့် စစ်ဘေးရှောင်တဲများပျက်စီးသွားပြီး မိုးကာ အရေးပေါ်လိုအပ် လျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် မေလ ၂ ရက်နေ့ညက မိုးကြီးပြီး လေပြင်းပါတိုက်ခြင်းကြောင့် စစ်ဘေးရှောင်တဲများပျက်စီးခဲ့ရပြီး ပြန်လည်တည်ဆောက်ရန် မိုးကာအရေးပေါ်လိုအပ်နေသည်၊၊

“တဲထဲပစ္စည်းတွေလည်းစိုကုန်တယ်။ မိုးကာဆို တစ်နှစ်တစ်ခါ လဲရတယ်။ ခုမိုးကာတွေကလည်း ဆွေးပြီဆိုတော့ မိုးရွာ လေပြင်းတိုက်တော့ ကွတ်တိဘဲ ခုဆိုရွာသားတွေအိမ်ထဲမှာ ပေါင်းပြီး နေရတယ်”ဟု စစ်ဘေးရှောင်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဖယ်ခုံမြို့နယ်တွင် လွိုင်ကော်၊ ပင်လောင်း ၊ ဒီမောဆိုဖက်မှ စစ်ဘေးရှောင်များဖြစ်ပြီး စစ်ဘေးရှောင်သူ ထောင်နှင့်ချီရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ တွင်လည်း ဖယ်ခုံမြို့နယ် တစ်နေရာတွင် မိုးကြီးပြီး မိုးသီးပါကြွေကျသဖြင့် စစ်ဘေးရှောင်တဲများစွာ ပျက်စီးခဲ့သေးကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *