ခမ်းသားငေါဝ်း
မေ ၄၊ ၂၀၂၄

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကနှစ် ၆၀ ပြည့်အခန်းအနားထုတ်ပြန်ချက်တွင်ပြောဆိုလိုက်သည်၊၊

ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှုပစ်ပယ်ကာ တပြည်ထောင်စနစ်တည်ဆောက်ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း SSPP၊ SSA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ဆိုသည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြ ဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်း စဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ၄င်းကပြောသည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အားလုံး ကြိုးစားတိုက်ပွဲဝင်ကြရန်လည်း ဆက်လက် တိုက်တွန်း နှိုးဆော်ခဲ့သည်။

SSPP/SSA သည် ဉီးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ အတွင်း ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို ဗမာစစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်းသိရ သည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *