ခမ်းသားငေါဝ်း
မေ ၃ ၊ ၂၀၂၄

မိုးကောင်းတောင်ရွာတွင် မိုးကြီးပြီးလေပြင်းတိုက်သဖြင့် လူနေအိမ် ၁၀ လုံးထက်မနည်း အမိုးလန် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ မိုးကောင်းတောင်ရွာတွင် မေလ ၂ ရက်နေ့ည ၅ နာရီအချိန်တွင် မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့သည်၊၊

“လေအရင်တိုက်ပြီး၊ မိုးကြီးတာ ၊ အဲတာနဲ့ မိုးကြီး ၊လေကြီး အိမ်ခေါင်မိုးတွေ ထရံတွေ လေထဲလွင့်ကုန်တာ အရမ်းကြောက်ဖို့ကောင်းတယ်။ လူထိခိုက်တာတော့မရှိဘူး”ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် ရွာငံ-အောင်ပန်း လွှစင်ရွာအနီး နှင့် မဲနယ်တောင် တစ်လျှောက် လမ်းမကြီးပေါ်တွင်လည်း မိုးကြီးလေပြင်းကြောင့် သစ်ကိုင်း၊ သစ်ပင် လမ်းထဲကျိုးကျကာ ခရီးသွားကားများစွာ ပိတ်မိနေခဲ့ကြောင်း သိရသည်။

ကလော၊ ပင်းတယ၊ ရွာငံသည် အအေးပိုင်းဒေသဖြစ်ပြီး မိုးရာသီမဝင်ခင် ယခုလို နှစ်စဉ် မိုးကြီး ၊လေပြင်းတိုက်ခြင်းများနှင့် ကြုံလေ့ရှိသော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် မိုး၊ လေ ပိုပြင်းထန်ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *