ခမ်းသားငေါဝ်း
မေ ၃ ၊ ၂၀၂၄

နောင်စကာကျေးရွာအနီးရှိ၊ တစ်ဘတ်ချောင်း ကူးသည့် တံတားတစ်စင်းအား စစ်ကောင်စီက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးပြီး ဒရုန်း၊ မီးလောင်ဗုံး ကြဲချခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA က မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည် ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ၊ တဘက်အုပ်စု နောင်စကာကျေးရွာအနီးရှိ တဘက်ချောင်းကူးသည့် တံတားအား စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များက လာရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဒါတွေက တော်တော်ကို အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်ဖြစ်တယ် ။အဲဒီတံတားက ပြည်သူတွေအဓိက သွားလာအသုံးပြုနေတဲ့တံတားဖြစ်တယ်။ယခုလိုလုပ်တော့ပြည်သူကိုပိုထိခိုက်စေတယ်။ပြည်သူတွေပိုဒုက္ခရောက်စေတယ်။”ဟုပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ် PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် ရွှေတဂူဘုရားဝင်းအတွင်းကိုလည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဘုရားစေတီများလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်၊၊

ထိုသို့ ပြည်သူများအသုံးပြုသွားလာနေသည့် တံတားနှင့် ပြည်သူများ အထွဋ်အထိပ်ထားရာ ဘာသာရေးအဆောက်အဦးကို လာရောက်ဖျက်ဆီးသည့် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့ စစ်အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် တော်လှန်ရေးအင်အားစုများမှ သွားရောက်ရှင်းလင်းရာ စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ၈ ဦးထက်မနည်းကျဆုံးပြီး အလောင်း ၂ လောင်း ကျန်ရှိခဲ့ကာ ခဲယမ်းကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းကြောင့် တဘက်ကျေးရွာ အုပ်စုရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် တဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *