ခမ်းသားငေါဝ်း
မေ ၃ ၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းချိန်မှစပြီး သုံးနှစ်ကျော်ကာလအတွင်းကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဝင်များ ငါးရာကျော် ကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF) ကမေလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲ ၁၀၈၉ ကြိမ်ဖြစ်ပွားခဲ့ရာမှ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၅၈ ဦးသေဆုံးခဲ့ပြီး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ (KNDF/ PDF/KA) မှ ၅၅၁ ဦးကျဆုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် နေအိမ် ၂၅၂၈ လုံး၊ဘာသာရေးအဆောက်အအုံ ၅၀ လုံး၊ ဆေးရုံဆေးခန်းများ ၁၅ လုံး နှင့် စာသင်ကျောင်း ၂၃ လုံးတို့ ပျက်စီးသွားကြောင်းသိရသည်။

ထို့အပြင် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၄၉၈ ဦးရှိပြီး၊ စစ်ဘေးရှောင် သေဆုံးသူ ၁၅၂ ဦးရှိကာ မတရားဖမ်းဆီးခံရသူ ၁၄၈ ဦးရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၅၈၁ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏တိုက်လေယာဥ် ၂ စီးပျက်စီးမှုရှိခဲ့ ကြောင်း PKPF ၏ အချက်အလက်တွင်ဖော်ပြထားပါသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *