ခမ်းသားငေါဝ်း
မေ ၂ ၊ ၂၀၂၄

အောင်ပန်း- ပင်းတယသွားလမ်းတွင် ဆိုင်ကယ်နှစ်စီး ယာဥ်တိုက်မှုဖြစ်ပြီး ယာဥ်မောင်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှု အသင်းထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်းမြို့၊ အောင်ပန်း- ပင်းတယ သွားလမ်း၌ မေလ ၁ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွား ၍ ယာဥ်မောင်း နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊

” ယာဥ်မောင်းနှစ်ဦးကတော့ မျက်နှာ နဲ့ လက်တွေမှာ ပွန်းပဲ့ဒါဏ်ရာတွေရသွားတယ်၊ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူး၊ ဆိုင်ကယ်ကတော့ နှစ်စီးလုံးပျက်စီးသွားတယ်” ဟု အောင်ပန်းနာရေး ကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယာဥ်မောင်းများအနေဖြင့် သတိဝိရိယ ပိုထားစေခြင်းကြောင်း၊ လမ်းသွယ်များကူးဖြတ်ရာတွင် ပိုမိုဂရုစိုက်သင့်ကြောင်း၊ ဆင်ဆင်ခြင်ခြင်မောင်းနှင်စေချင်လိုကြောင်း ၎င်း ကဆက်ပြောသည်။

ထိခိုက်ဒါဏ်ရာရသွားသော လူနာများကို အောင်ပန်းနာရေးကူညီမှုအသင်းက အောင်ပန်းပြည့်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *