ခမ်းသားငေါဝ်း
မေ ၂ ၊ ၂၀၂၄

ဖယ်ခုံမြို့တွင် စစ်ကောင်စီကစစ်ကြောင်းထိုးလာ စဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနေအိမ်များအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ ညောင်ကုန်း ၅ ရပ်ကွက်တွင် မေလ ၁ ရက်၌ စစ်ကောင်စီကစစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်၊၊

”မနေ့ညကတည်း နေအိမ်အချို့ကိုမီးရှို့နေတာ၊ ဒီမနက် စစ်ကြောင်းထပ်ထိုးလာတော့ နာရီဝက်လောက်တိုက်ပွဲဖြစ်သွားတယ်” ဟုတော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသမ်းငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်များအနေဖြင့် စစ်ကြောင်းဆက်မထိုးနိုင်ပဲ တပ်ထဲ ပြန်ဝင်သွားချိန် နေအိမ် ၃ လုံးကိုမီးရှို့သွားကြောင်း၊ မနေ့ နှင့် ဒီနေ့ စုစုပေါင်းနေအိမ် ၁၀ လုံးခန့် မီးလောင်သွားကြောင်း ၎င်း ကဆက်ပြောသည်။

ယနေ့ မနက်တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုဘက်မှ ၅ ယောက်ထိခိုက်ဒါဏ်ရာရသွားပြီး တစ်ဦးမှာ စိုးရိမ်ရအခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရခြင်းမှာ ဖယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်လိုခြင်းဖြစ်ကြောင်း၊ မကြာခန နေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *