ခမ်းသားငေါဝ်း
မေ ၂ ၊ ၂၀၂၄

ကုန်းဆုံရွာနေ အမျိုးသား ၅ ဦး ဟံတနျားရွာသို့ ပြောင်းခြွေစက် လာသယ်စဉ် PNO ခန့်ထားသည့်ကျေးရွာလုံခြုံရေးအဖွဲ့က ဖမ်းဆီးကာ စစ်ကောင်စီလက်ထဲအပ်ပြီး မိသားစုဝင်များထံ ငွေ ၁၀ သိန်းဖြင့်လာရွေးခိုင်းကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုန်းဆုံရွာမှပင်လောင်းမြို့နယ် ၊ဟံတနျားရွာသို့ ဧပြီလ၂၉ ရက်နေ့က ပြောင်းခြွေစက် လာသယ်သည့်အမျိုးသား ၅ ဦးကို ကျေးရွာလုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီလက်သို့ အပ်ခဲ့သည်။

“သူတို့ကို အဲရွာမှာဘဲ ဖမ်းထားတယ် အဲရွာထဲ ပြီးခဲ့တဲ့ နောင်ဝိုးတိုက်ပွဲဖြစ်ကတည်းက စစ်တပ်ကလာတပ်စွဲနေထိုင်တာ ။ခုဆို သူတို့ကို တစ်ယောက် ၁၀ သိန်းနဲ့လာရွေးခိုင်းတယ်။ ခုထိတော့ ပြန်မလွှတ်သေးဘူး”ဟု သတင်းရင်းမြစ် တစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။

ဖမ်ဆီးခံရသောသူများသည်ကုန်ဆုံရွာနေ ခွန်မောင်ပေ၊ ခွန်ကျော်စိုး၊ ခွန်ကျော်ပဲ ၊ခွန်စိုးသိန်း၊ ခွန်သဖြားတို့ ဖြစ်ကြကြောင်း သိရသည်။

ပင်လောင်းမြို့ တောင်ဖက်သည် ဖေဖော်ဝါရီလကစပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် PNO ပြည်သူ့စစ်က ကျေးရွာတိုင်းတွင် ရွာလုံခြုံရေးထားခိုင်းခဲ့ပြီး ရွာမစောင့်သောသူများကိုလည်း ငွေဒဏ်ရိုက်ခြင်း၊ ဖမ်းဆီးခြင်းများလည်းရှိကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *