ခမ်းသားငေါဝ်း
မေ ၂ ၊ ၂၀၂၄

စစ်ကောင်စီလက်နက်ကြီးထိမှန်သဖြင့် နောင်ဝိုးရွာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးရွာ ဘုန်းကြီးကျောင်းအား ဧပြီလအတွင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ထိမှန်သဖြင့် ပျက်စီးခဲ့ရသည်။

“ပထမ တစ်ခေါက်က ထိပြီး နည်းနည်းဘဲပျက်စီးတယ်။ခုတစ်ခေါက်တော့ အများကြီးပျက်စီးသွားတယ်။ ဒီမနက်မှ ဖေ့ဘုတ်ပေါ် တွေ့တာ။ ပြတင်း ပေါက်မှန်တွေ၊ အမိုးတွေ ၊အခင်းတွေယော အများကြီးပျက်စီးသွားတယ်။ရွာသားလည်း စစ်ရှောင်နေရတော့ ဘယ်နေ့ထိမှန်ပျက်စီးလဲဆိုတာ သေချာမသိဘူး။ လက်နက်ကြီးတော့ နေ့တိုင်း ထုလာတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နောင်ဝိုးကျေးရွာသည် မတ်လ ၁၁ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတပ်ဖွဲ့နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ပြီးနောက် ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီသည် လက်နက်ကြီးနှင့် လေကြောင်းဖြင့်ပါ ဗုံးလာကြဲခြင်းကြောင့်အရပ်သားနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *