ခမ်းသားငေါဝ်း
ဧပြီ ၂ ၊ ၂၀၂၄

တားမြစ်ထားသည့် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးသည့် TNLA တပ်သားများအား ထောင်ဒဏ်၊ကြိမ်ဒဏ်အပြင် လှုမှုရေးပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးငှာနက ယနေ့တွင်ထုတ်ပြန်ထားသည်။

မွေးနေ့ပွဲပါတီတခုတွင် PSLF/TNLA မှ တားမြစ် ကန့်သတ်ထားသည့် မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား ကြိမ်ဒဏ် (10)ချက်၊ အလုပ်ကြမ်း (၁)လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့သည်။

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပြတ် ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလဲရန် နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ပိတ်ပင်တားမြစ်ခဲ့သည်။

တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီး ထုတ်ကုန်များကို ရောင်းချမှုတွေ့ရှိပါက အများရှေ့မှောက်တွင် ဖျက်ဆီးခဲ့သည်။

TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံးနေသာ သူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားပါသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *