ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၄
အနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း၊မေ လ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်ပြီး ပြည်သူများကြိုတင်သတိပြုနိုင်ရန် စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေလ ညွန်ကြားမှူးဦးစီးငှာနက သတိပေးထားသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း လျှပ်စီးလျက်ခြင်း၊ မိုးသီးကြွေခြင်း တို့ဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်၊၊
စစ်ကိုင်းတိုင်းအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဆိုသည်။
PPV003