ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၄

ပန်းအွန်း၊ထမ်းယမ်ရွာသားများအား စစ်ကောင်စီက ရွာအပြင်မပေးထွက်ဘဲ ဓားစာခံအဖြစ် ဖမ်းထားကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပင်အွန်း၊ ထမ်းယမ် ရွာသားများအား ခြံ၊ တောင်ယာပေးမသွားသည့်အပြင်၊ ရွာပြင်လည်း ထွက်ခွင့်မပေးဘဲ ပိတ်ပင်တားဆီးထားပြီး ဓားစာခံအဖြစ်ဖမ်းထားကြောင်းဆိုသည်။

“သူတို့ ခုလို ရွာသားတွေကို ခြိမ်းခြောက်တာဓားစာခံလုပ်တာတော့ တစ်ပတ်ကျော်ကျော် နှစ်ပတ်လောက်ဘဲရှိသေးတယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။

ယင်းစစ်ကောင်စီနှင့် PNO​ပြည်သူ့စစ် တပ်သားများသည် ဖိနပ်မချွတ်ဘဲ ပြည်သူနေအိမ်အပေါ် တက်ရောက်နေထိုင်ခြင်းရှိသလို ၄င်းတို့အတွက်လည်း နေ့စဉ် ထမင်း၊ဟင်းများ ချက်ပေးရကြောင်း သိရသည်။

ထိုအပြင်ဒေသခံပြည်သူများအား တောင်ယာအတွင်းတွင်လည်းကောင်း ကျေးရွာအပြင်ဘက် တောတောင်အတွင်းတွင်လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးသမားအဖြစ် သတ်မှတ်ပြီး ပစ်ခတ်မည်ဟု စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့ စစ်အဖွဲ့က ဒေသခံများကို ခြိမ်းခြောက်ထားကြောင်း ထုတ်ပြန်ချက်တွင်ပြောထားသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *