ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၄

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းစစ်ကောင်စီက နေအိမ်၊ ကျောင်း၊ ဘာသာရေး အဆောက်အဦးအပါအဝင် ပြည်သူပိုင်ပစ္စည်း ၁၁၀၀ ကျော်သိမ်းဆည်းခဲ့ကြောင်း နိုင်ငံရေးအကျဥ်း သားများ ကူညီရေးအသင်း AAPP ကမေလ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ဒီမိုကရေစီအရေးတွင်တက်ကြွစွာ ပါဝင်လုပ်ရှားသူများ၊ သပိတ်အဖွဲ့ဝင်များ၊ ယခင်အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မီဒီယာကဏ္ဍ၌ ပါဝင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၉၃၉ ဦး၏နေအိမ်၊ကျောင်း၊ဘာသာရေးဆိုင်ရာ အဆောက်အဦး နှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၁၅၉ ခုကို မတရားသိမ်းဆည်းခဲ့သည်။

ထို့အပြင် နိုင်ငံတစ်ဝန်းအာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြကြသည့် လက်နက်မဲ့ အရပ်သားပြည်သူ များကို ညှည်းပန်းနှိပ်စက်သတ်ဖြတ်၍ အဓမ္မဖမ်းဆီးကာ မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်မှုများလည်း များစွားပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *