ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်း သားတော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူကပြောသည်၊၊

အမျိုးသားညီညွတ်ရေးအစိုးရ NUG တည်ထောင်ခြင်းသုံးနှစ်ပြည့် သတင်းစားရှင်းလင်းပွဲတွင် နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နုန်းအား ထိန်းချုပ်ထားနိုင်သည့်အကြောင်းအား ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားခဲ့သည်။

” ၆၀ ရာခိုင်နှုန်းကျော် ဆိုတာကတော့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေ၊ လွတ်မြောက်နယ်မြေ သုံးခုလုံးကို ခြုံငုံပြီးပြောခြင်းဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင်လက်ရှိတွင် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များသည် မြို့နယ်ပေါင်း ၅၀ ထက်မနည်း သိမ်းပိုက်ရရှိထားပြီး အဓိက ကျသောစစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစ လက်နက်ထုတ်စက်ရုံများ ကိုလည်း ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

PPV 003

Leave a Reply

Your email address will not be published. Required fields are marked *