ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၄
စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တောင်ပို့ကွဲရွာအနောက်ဖက်ရှိ စေတီနှင့် အနီးနားရှိ အဆောက်အဦး တစ်ချို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊တောင်ပို့ကွဲကျေးရွာ တွင် ဧပြီလ ၃၀ ရက်နေ့က စစ်ကောင်စီရှိရာ ထီရီးရွာ လက်နက်ကြီးတပ်မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် ဘုရားစေတီနှင့် ဘာသာရေးအဆောက်အဦး တချို့ပျက်စီးသွားခဲ့သည်၊၊
“မနေ့ညနေပိုင်းပစ်လာတာ။ ရွာမှာလည်းအင်တာနက်လိုင်းမရတော့ဘူး။ လူထိတာတော့မသိရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
တောင်ပို့ကွဲဒေသတစ်ဝိုက်သည် ပြီးခဲ့သည့် ဧပြီလတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် လက်နက်ကြီး မကြာခန ပစ်ခတ်တိုက်ခိုက်လာလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် တောင်ပို့ကွဲရွာနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တောင်ပို့ကွဲရွာအနီး ဟိုပန်ရွာ ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့သည်။
PPV005