ခမ်းသားငေါဝ်း
မေ ၁ ၊ ၂၀၂၄

ကရင်နီပြည်တွင် မြေမြုပ်မိုင်းအန္တရာယ်များကြောင့် သတ်မှတ်ထားသည့် နေရာ၌သာ သွားလာနေထိုင်ရန် ၊ကန့်သတ်ထားသည့်နေရာကို သွားလာခြင်း လုံးဝ မပြုလုပ်ရန် IEC က ယနေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ကယား(ကရင်နီ)ပြည်တွင် စစ်ကောင်စီအာဏာ သိမ်းမှု အကျိုးဆက်များအနက် မြေမြုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှု သိသိသာသာ တိုးပွားလာကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေး IEC ၏ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် ယခုတွင် မည်သို့ပင်စေကာမူ သက်ဆိုင် ရာ မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် တော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူများ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကျေးရွာရပ်ကွက်များတွင် ပြန်လည်နိုင်ထိုင်ခြင်း မပြုရန်လည်းပြောထားသည်။

ထို့အပြင် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၊စစ်လက်နက်ပစ္စည်းများကို တွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း၊ တူးဖော်ထုနှက်ခြင်း၊ နေရာရွေ့ခြင်း၊ ယူငင်သိမ်းဆည်းခြင်းမပြုလုပ်ရန်၊ မြေမြုပ်မိုင်းများ ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှုအဖွဲ့နှင့် တော်လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများကို ချက်ချင်းအကြောင်းကြားပေးရန်လည်း ထုတ်ပြန်ချက်တွင်ပြောထားသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed