ခမ်းသားငေါဝ်း
ဧပြီး ၃၀၊ ၂၀၂၄

ဝိန်းလုံရွာတွင် စစ်ကောင်စီကတိုက် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သားနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ဒေသခံကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တဘက်ကျေးရွာအုပ်စု ဝိန်းလုံရွာတွင် ဧပြီလ၂၉ ရက် ညနေခင်း ၄ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကတိုက် လေယာဉ် သုံးစင်းဖြင့် ဗုံး ၆ ကြိမ်လာကြဲချခဲ့သည်၊၊

“ရုတ်တရက်လာကြဲတာ။ ကံကောင်းလို့လူကမထိဘူး။ ဗုံးလာကြဲပြီး ရွာသားတွေအကုန်ထွက်ပြေးခဲ့ကြရတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ကျေးရွာနှင့်တောင်ယာရှိ ပြည်သူများရှိသည့်နေရာသို့နေ့စဉ် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၉၈ ရက်အတွင်း စစ်ကောင်စိီလေကြောင်းတိုက်ခိုက်မှု ၄၆၂ ကြိမ်၊လက်နက်ကြီး ပစ်ခတ်မှု ၃၀၄၈ ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်းတွင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed