ခမ်းသားငေါဝ်း
ဧပြီ ၃၀၊ ၂၀၂၄

တီကျစ်ဒေသတွင် PNO ပြည်သူ့စစ်က ပြည်သူ့စစ်ခေါ်ခြင်း၊ဆက်ကြေးကောက်ခြင်း အတင်းအဓမ္မ ပြုလုပ်နေပြီး ဧပြီနောက်ဆုံးထားစာရင်းပေးသွင်းရကြောင်းဒေသခံထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု တီကျစ်ဒေသတွင် PNOပြည်သူ့စစ်ကကျေးရွာအစည်းဝေးခေါ်ယူပြီး လုံခြုံရေးအတွက်ဆိုကာ တစ်ရွာနှစ်ယောက် တပ်သားသစ်ခေါ်ယူပြီးစာရင်းပေးရန် ဧပြီ၂၈ ရက်ကအစည်းဝေးပြုလုပ်ပြောဆိုခဲ့သည်။

“ရွာသူရွာသားတွေက သူတို့ကိုဆန့်ကျင်လို့မရဘူးလေ၊ သွားချင်တဲ့လူကိုရှာပြီး တစ်ယောက်ကို (၁၀)သိန်းလို့ သဘောတူထားတယ်၊ ကျွန်တော်တို့ရွာပေါ့ တခြားရွာတော့ဘယ်လိုပေးရလည်းမသိဘူး၊ လူနှစ်ယောက်လည်းကောက်ခံတယ် သူတို့အတွက်တစ်အိမ်ကို (၁)သိန်းလည်းကောက်ခံတယ် ဒီရက်နောက်ဆုံးနေ့လို့လည်းပြောထားတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

PNOပြည်သူ့စစ်ကခြုံရေးအတွက် တစ်ရွာလျှင်နှစ်ယောက်မဖြစ်မနေဝင်ရမည်ပြောထားပြီး အစားထိုးကြေးစားငှါးရမ်းခြင်း လည်းမရကြောင်း သိရသည်။

“အကယ်လို့စစ်လုံခြုံရေးအတွက်က ကိုယ့်ဒေသလုံခြုံဖို့ဆိုရင် လုပ်ချင်တဲ့သူကပေါပါတယ်၊ ခုကဒေသလုံခြုံဖို့အတွက်မဟုတ်ပဲ ‌ရှေ့တန်းသွားရတာ၊ အသွားပဲရှိပြီးအပြန်မရှိလို့ လုပ်ချင်တဲ့ကလုံးဝ မရှိနေတာ” ဟု၎င်းကဆက်ပြောသည်။

လှည်းကုန်ရွာက PNO ပြည်သူ့စစ် ဦးစံညိမ်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ကလာရောက်ကောက်ခံခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် (၁၀)ဘီးကားတစ်စီးကို (၁)သိန်းကျပ်နှင့် (၁၀)ဘီးအောက်ကားများက (၅)သောင်းဆက်ကြေး အခွန်ပေးဆောင် နေရသေးကြောင်း ဒေသံခံများကပြောဆိုကြသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *