ခမ်းသားငေါဝ်း
ဧပြီ ၃၀၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တဂေးလောင်းကျေးရွာအား စစ်ကောင်စီကလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အဦး ၃ လုံး၊ ဆိုင် ၂ လုံးနှင့် အရပ်သားနေအိမ် ၂ လုံးထိမှန်သွားကြောင်း KNU ဗဟိုကထုတ်ပြန်ထားသည်၊၊

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် လေယာဥ်ဖြင့် လက်နက်ကြီး ၂ လုံးဗုံးကြဲခဲ့ကြောင်း ကေအဲန်ယူ ဗဟို က ဧပြီလ ၂၉ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်၊၊

” တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဒေသခံအရပ်သားလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် စာသင်ကျောင်းတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်တယ်”ဟု ကေအဲန်ယူ- ဘီးလင်းမြို့တာဝန်ခံ မှ ပြောကြားခဲ့သည်။

ထို့အပြင် မကြာသေးမီက အချိန်အတွင်းတွင်လည်း တဂေးလောင်းရွာအနီး မင်းစောကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မင်းစောကျေးရွာ စာသင်ကျောင်း နှင့် နေအိမ်အဆောက်အဦးများ ထိခိုက်မှုရှိခဲ့ကြောင်းလည်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *