Month: May 2024

တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များ ပြန်ဆောက်ရန်အခက်အခဲရှိဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များသည် ပြန်ဆောက်နိုင်ရန်အခက်အခဲကြုံနေရသည်ဟု မေလ(၃၀)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ဒေသခံနေအိမ်များ လက်နက်ကြီး၊လေကြောင်း ဗုံးကြဲခံရမှုတို့ကြောင့် ပျက်စီးသွားခဲ့သည့် အိမ်များသည်…

မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်များ နေထိုင်ရေးခက်ခဲနေပြီး မိုးကာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၃၀ ၊ ၂၀၂၄ မိုးအဆက်မပြက် ရွာသဖြင့် ဆောင်လန်တောင်၊ဆောင်လန်မြှောက်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရေး ခက်ခဲနေပြီးမိုးကာအရေးပေါ်လိုအပ်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ ပင်လောင်းနယ်စပ်ရှိ ဆောင်လန် စစ်ရှောင်စခန်းတွင် မေလ၂၅ ရက်နေ့ကစပြီး…

စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း မေ ၃၀ ၊ ၂၀၂၄ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး အဆိပ်သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကောင်ငွုန်ရွာအသက်၂၄ နှစ်အရွယ်လူငယ်တစ်ဦးသည် မေလ၂၈ ရက်နေ့က စစ်ကောင်စီတပ်ထဲမဝင်ချင်သဖြင့်…

ပင်လောင်းဒေသတွင် စက်သုံးဆီအကန့်အသတ်ဖြင့်သာရောင်းချပေးနေဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ပင်‌လောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များကဆီကိုအကန့်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ဒေသခံတစ်ဦးကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ စက်သုံးဆီအ‌ရောင်းဆိုင်ကြီးများတွင် ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်အထက်ပိုမရောင်းပေးဘဲ ကားတစ်စီးလျှင်သုံးသောင်းကျပ်အထိသာ အကန့်အသတ်ဖြင့်ရောင်းချပေးနေသည်။ “ပိုက်ဆံရှိလည်းဝယ်ထားလို့မရဘူး ကိုယ်လိုရင်လိုသလောက်မရဘူး သိုလှောင်ထားတဲ့ဆီတွေတော့ရှိတယ်ထင်တယ် ဒေါ်လာစျေးတက်တော့ဆီစျေးတွေလည်းတက်လာမှာရော…

အောင်ပန်းတွင် တစ်ရက်တည်းယာဥ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ အောင်ပန်းတွင် မေလ ၂၉ တစ်ရက်တည်းယာဥ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊သာမိုင်းခမ်းတံတားအနီး ၌ မေလ ၂၉ ရက် မနက် ၉ နာရီခွဲအချိန်ခန့်တွင် တွဲကား နှင့် တီကျစ်၊ပင်ခင်ကျေးရွာနေ…

ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် တွက်ခြေမကိုက်

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း အခြေခံကုန်စျေးနှုန်းမြင့်တက်မှုကြောင့်တွက်ခြေမကိုက်ဘဲ ခရမ်းချဥ်သီးစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ရှိခရမ်းချဥ်သီးစိုက်တောင်သူများ ယခင်ထက် ခရမ်းချဥ်သီးစျေးကောင်းရနေသော်လည်း အခြေခံစားသောက် ကုန်နှင့် သွင်းအားစုကုန်များ ဈေးမြှင့်တက်လာခြင်းကြောင့် ရသည့်အမြတ်တွက်ခြေမကိုက်ဖြစ်နေရ သည်။ “ယခင်ထက်တော့စျေးတက်လာတယ်…

တောင်ကြီးတွင် ကားများပတ်ပြီးခိုးသည့် သူခိုးအဖွဲ့ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း မေ ၂၉ ၊ ၂၀၂၄ တောင်ကြီးမြို့နှင့်အနီးတစ်ဝိုက်တွင်ကားများကို ခိုးယူနေသည့် သူခိုးများကို ရဲတပ်ဖွဲ့များက မေလ ၂၇ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း တောင်ကြီးမြို့ခံထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပလီလင်းရွာရှိ သာစည််စားသောက်ဆိုင်ရှေ့တွင်…

ရခိုင်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး အတိတ်ကကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူရန် ယာယီသမ္မတ ပြော

ခမ်းသားငေါဝ်း မေလ ၂၉၊ ၂၀၂၄ ရခိုင်တွင် နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိနေသည့် ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေးအပေါ်ရပ်တည်ကြရန် အမျိုး သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်တွင်…

နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်မြို့ ၆၀ နီးနီးထိရှိလာ

ခမ်းသားငေါဝ်း မေ ၂၉ ၊ ၂၀၂၄ ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ပေါင်း ၅၉ မြို့ထိရှိလာသည်ဟု BNI – Myanmar Peace Monitor…

လုံးပျဉ်ရွာသားတစ်ဦး တောင်ယာသွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေ ၂၉၊ ၂၀၂၄ လုံးပျဉ်ရွာသားတစ်ဦးတောင်ယာသွားစဥ် ဘောရန်ရွာအနီး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေလ၂၉ ရက်တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ရွာနေ ခွန်နန်းဦးသည် မေလ၂၅ ရက်နေ့တွင် တောင်ယာသွားစဉ် မိုင်းနင်မိပြီး…