Month: April 2024

တိုင်းနှင့်ပြည်နယ် အသီးသီးရှိအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်နေ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်လာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နိုင်ငံရေးအကျဥ်းသား သေဆုံးမှုနှုန်း မြင့်တက်လာကာ နိုင်ငံရေးအကျဥ်းသူ ၂ ဦး၊ နိုင်ငံရေးအကျဥ်းသား ၈…

၂၉ ကြိမ်မြောက် နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက်

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ၂၉ ကြိမ်မြောက် ထိုင်းနိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက် ခဲ့သည်။ ထိုင်းနိုင်ငံတွင် ယဉ်ကျေးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် MOU သဘောတူ လက်မှတ်ရေးထိုးရာတွင် မြန်မာကိုယ်စားအဖြစ် ပအိုဝ်းတိုင်းရင်းသားလည်း ပါဝင်ကြောင်း သိရသည်၊၊ ထိုင်းနိုင်ငံတကာ ရိုးရာယဥ်ကျေးမှုပွဲတော်ကို ထိုင်းနိုင်ငံအရှေ့မြှောက်ပိုင်းဒေသ နခွန်ရာဇသီမာပြည်နယ်၊ဆူရိန်ပြည်နယ်၊ဆီဇာကေစ်ပြည်နယ်၊ကျန်ထဘူရီပြည်နယ် နှင့် ဘန်ကောက်မြို့တွင်ဧပြီလ…

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူသုံးဦးထိမှန် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၉၊၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးသည် တွေပူရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူသုံးဦးထိမှန်ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွေပူကျေးရွားအတွင်း ဧပြီ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပစ္စည်းပြန်ယူသည့် ကျောင်းသူ ၃ ဦးထိမှန်ပြီးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်၊၊ “သူတို့ကတောထဲစစ်ရှောင်တာ မနေ့ကရေလိုလို့ဆိုပြီး အတူပြန်ယူကြတာ လက်နက်ကြီးက…

မိုးဗြဲတွင် စစ်ကောင်စီ နှင်တော်လှန်ရေးအင်အားစု တို့တိုက်ပွဲပြင်းထန်နေ

ခမ်းသားငေါဝ်း ဧပြီ ၈၊၂၀၂၄ ရှမ်း ကယားနယ်စပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီခလရ ၄၂၂တပ်စခန်းနှင့် အနီးရှိယာယီစခန်းကုန်းများကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုမှတိုက်ခိုက်နေလျက်ရှိကြောင်းသိရသည်။ ယင်းစခန်းတို့ကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ဧပြီလ ၃ရက်နေ့မှစတင်၍ ယနေ့ထိတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီမှလေကြောင်းဖြင့်လည်းတိုက်ခိုက်နေကြောင်းသိရသည်။ “ခုလောလောဆယ်က စစ်ကောင်စီရဲ့စခန်းကုန်းကိုတိုက်ခိုက်နေတုန်းပါပဲစစ်ဆင်ရေးတွေလုပ်နေတုန်းပါ ဒီစစ်ကောင့စီရဲ့ ခလရ ၄၂၂ပေါ့ အကုန်လုံးမရသေးပါဘူး တိုက်နေတုန်းပါ”ဟုတော်လှန်းရေးတပ်မှရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ အားလုံးစုံသိမ်းပိုက်နိုင်သည့်အနေအထားမဟုတ်သေးဘဲ စစ်ဆင်ရေးပြုလုပ်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အတွက် ထိခိုက်မှုအသေးစိတ်အချက်အလက်များမထုတ်ပြန်နိုင်သေးကြောင်းဆိုသည်။ တော်လှန်ရေးအင်အားစုနှင့်စစ်ကောင်စီတပ်တို့အကြား…

တောင်ကြီး အေးသာယာ ဆင်းတက်လမ်းတွင်တွဲကားလိမ့်ကျ၍ ကားနှစ်စီးပိမိပြီး ၄ ဦးသေ၊၂ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၈၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး အေးသာယာဆင်းတက်လမ်း အောက်နေမှတက်လာသည့်တွဲကားတစ်စီး လမ်းချော်လိမ့်ကျပြီး အဆင်းလမ်းမှ ကား၂စီးကို ပိမိ၍ ၄ဦးသေဆုံး ၂ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် တောင်ကြီးအတက်လမ်း စစ်ဆေးရေးဂိတ်အကျော်တစ်နေရာ၌ တွဲကားတစ်စီးလိမ့်ကျပြီး အဆင်းလမ်းမှဆင်းနေသည့်အိမ်စီးကား probox နှင့် Honda fit ကားကို…

PNO ပြည်သူ့စစ်က ဆိုက်ခေါင်တွင်ရပ်ကွက်အလိုက် တစ်ရပ်ကွက်၌ ကားဖိုးဝီးတစီးဝယ်ခိုင်းနေ

ခမ်းသားငေါဝ်း ဧပြီ ၇၊၂၀၂၄ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ရပ်ကွက်(၁၁)ရပ် ကွက်တွင် PNOပြည်သူ့စစ်အတွက် ရပ်ကွက်အလိုက် (၁)ရပ်ကွက်ဖိုးဝှီးကားတစ်စီးဝယ်ခိုင်းနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာအတွင်းတွင် PNOပြည်သူ့စစ်အသုံးပြုရန် ရပ်ကွက်(၁၁)ကို တစ်ရပ်ကွက် ၁ စီးနှုန်းဝယ်ပေးရမည်ဖြစ်ပြီး ယခုဧပြီအတွင်းဝယ်ပေးရန်ပြောဆိုထားကြောင်းသိရသည်။ “အခုကဆိုက်ခေါင်ကျေးရွာကို တစ်ရပ်ကွက် ၁ စီး ဖိုးဝှီးကားတစ်စီးတဲ့ ပြည်သူ့စစ်အတွက်ဝယ်ပေးရမယ်တဲ့ အဲ့ဒါ ခုဧပြီလအတွင်းမှာအပြီးဝယ်ပေးရမယ်တဲ့ (၁၁)ရပ်ကွက်ဆိုတော့ (၁၁)စီးပေါ့”ဟုအမည်မဖော်လိုသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ နောက်ဒေသခံတစ်ဦးကလည်း”ဆိုက်ခေါင်ကငွေကြေးအဆင်ပြေတဲ့သူတွေများတယ် သူတို့က…

ဘုရားဖြူနယ်မြေ(၄)တွင်နေ အိမ်ဖောက်ထွင်းခိုးသည့် သူခိုးတစ်ဦးကို ဖမ်းမိ

ခမ်းသားငေါဝ်း ဧပြီ ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၄) ပါမိုးနဲ့(လွယ်ခမ်း)ရွာအတွင်း သူတစ်ပါးပစ္စည်းခိုး နေအိမ်ဖောက်ထွင်းသည့် သူခိုးအမျိုးသမီးတစ်ဦးကို ရွာခံများဖမ်းဆီးမိခဲ့ကြောင်းသိရသည်။ ယင်းနေအိမ်ဖောက်ထွင်းပစ္စည်းခိုးရန်လုပ်ဆောင်သည့် အမျိုးသမီးကို ယမန်နေ့ ဧပြီလ ၆ ရက် နေ့လည်အချိန်က အိမ်ဖောက်ထွင်းရန်လုပ်နေစဥ်ရွာခံအချို့မြင်၍ ဖမ်းဆီးပြီးအုပ်ချုပ်ရေးမှူးထံအပ်ခဲ့ကြောင်းသိရသည်။ “မနေ့က လွယ်ခမ်းမှာ ဖောက်တာတော့ သူဘာမှမရလိုက်ဘူး သူများအိမ်ကို ကွတွေနဲ့သော့ဖြတ်တာဖောက်တာမြင်တော့ ဖမ်းလိုက်တာ မိန်းကလေးဖြစ်တဲ့ခါကျတော့…

အောင်ပန်းမှာ ယာဥ်မတော်တဆမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူပွဲချင်းပြီးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ ပထမပုဂ္ဂလိကဘဏ်အရှေ့လမ်းပေါ်တွင် ယာဥ်မတော်တဆမှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၆ရက်နေ့ နေ့လည်၂နာရီအချိန်တွင် အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက် ပထမပုဂ္ဂလိကဘဏ်ရှေ့အနီး မိုင်းလမ်းတွင် မောင်းနင်းလာသည့် Canterကားနှင့် လမ်းကြားမှထွက်လာသော ဆိုင်ကယ်တို့မတော်တဆဖြစ်ပွားခဲ့သည်။ “ဆိုင်ကယ်က ပထမပုဂ္ဂလိကလမ်းကြားကနေထွက်လာတာဗျ ထွက်တော့ ကားကလည်းမိုင်းအတိုင်းမောင်းနေတော့ ချိတ်ပါသွားတယ်လို့ကြားသိရပါတယ်ဗျ”ဟု အောင်ပန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

အောင်ပန်းမြို့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ် (၃) လုံးကူးစက်လောက်ကျွမ်း

ခမ်းသားငေါဝ်း ဧပြီ ၆ ၊ ၂၀၂၄ အောင်ပန်းမြို့ တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ်(၃) လုံးမီးကူးစက်လောင်ကျွမ်းသွားကြောင်း အောင်ပန်းနားရေးကူညီမှုအသင်းထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ပြည်ကျော်ရပ်ကွက် view point (2) အောက်ဘက် သံလမ်းအနီး ဧပြီ ၅ ရက်နေ့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာ အနီးရှိသုံးထပ်သားပြားသို့ မီးကူးစက်သွားပြီး သွပ်မိုး၊ ပျဥ်ကာ…

နမ်းဗွဥ်(နမ်းပွန်)ရွာသား ငွေငါးသိန်းရှစ်သောင်း မထည့်နိုင်၍စစ်မှုထမ်းရပြီး ရှေ့တန်းတွင်ကျဆုံး

ခမ်းသားငေါဝ်း ဧပြီ ၆၊ ၂၀၂၄ နမ်းဗွဉ်(နမ်းပွန်) ရွာသားတစ်ဦး PNO ပြည်သူ့စစ် ကောက်ခံသည့် ငွေငါးသိန်းရှစ်သောင်းမထည့်နိုင်၍ စစ်မှုထမ်းရပြီး ရှေ့တန်းတွင် ကျဆုံးသွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နမ်းဗွဉ်(နမ့်ပွန်) ရွာနေ ခွန်တီးပေသည် PNO ပြည်သူ့စစ် ကောက်ခံသည့်ငွေ ၅ သိန်းရှစ်သောင်းကို မထည့်နိုင်သောကြောင့် စစ်မှုထမ်းရပြီး ဧပြီ ၃ ရက်နေ့…

You missed