Month: April 2024

မြဝတီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါဝင် ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဗိုလ်ကြီး(၁)ဦးအပါ (၆)ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားများအစည်းအရုံး(KNU) ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှ မြဝတီမြို့သို့ ဧပြီလ(၂၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး…

လက်ရှိအာလူးဈေး ယခင်ထက်ဈေးကောင်းပိုမိုရရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသရှိ အာလူးဈေးသည် ယခင်ထက် ဈေးကောင်းရရှိလာသည်ဟု ဧပြီလ၂၃ ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ယခင်လတွင် အာလူးဈေး တစ်ပိဿာလျှင် ၂၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုလက်ရှိတွင် တစ်ပိဿာ…

ထိုင်းသို့သွားသည့် လူငယ်များ ခိုလမ်အရောက်တွင် RCSS မှဖမ်းဆီးပြီးတပ်သားသစ်အဖြင့်စုဆောင်းမှုရှိနေ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ထိုင်းနိုင်ငံသို့ထွက်သွားသည့်လူငယ်အချို့ရှမ်းပြည်နယ် ခိုလမ်မြို့ အရောက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ်စုဆောင်းခေါ်ယူနေကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်သူအချို့တွင် ပအိုဝ်းလူငယ်များလည်းပါဝင်နေပြီး ထိုင်းသို့မရောက်သွားဘဲ RCSS ၏ တပ်သားသစ်စုဆောင်းရာသို့ ရောက်ရှိသွားသည့်အတွက်မိသားစုများစိတ်ပူနေရကြောင်း သိရသည်။…

ရွာငံ မြင်းကျဒိုးရဲကင်းစခန်းကို ရွာငံ PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်

ခမ်းသားငေါဝ်း ဧပြီ၂၁၊ ၂၀၂၄ ရွာငံ မန္တလေး အဝေးပြေးလမ်းမပေါ် မြင်းကျဒိုးရဲကင်းစခန်းကို ဧပြီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ က ရွာငံ PDF(JPRF)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ် တောင်ပိုင်း…

ကောင်ပန်းတင်အုပ်စုရှိဒေသခံများ ထိုင်းသွားသော်လည်း ဆက်ကြေးကိုအရစ်ကျသိန်းချီပေးနေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ် ကောင်ပန်းတင်ကျေးရွာအုပ်စုအ တွင်းတွင် PNOပြည်သူ့စစ်အဖွဲ့က ထိုင်းနိုင်ငံသို့ထွက်သွားသည့်ဒေသခံများထံကို အရစ်ကျဖြင့် ဆက်ကြေးသိန်းချီကောက်ခံနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိ ကောင်ပန်းတင်အုပ်စုအတွင်းထိုင်းသွားသည့်ရွာခံများကို စစ်ယူနီဖောင်းအတွက်ဟုဆိုပြီးဧပြီလ၂၃ရက်(တန်ခူးလပြည့်နေ့)မှစတင်၍ အရစ်ကျဖြင့် လစဥ်ကြေးထည့်ပေးနေရကြောင်းဆိုသည်။ “ထိုင်းသွားတဲ့သူကလည်းထည့်ရမယ်တဲ့ တစ်ယောက်ဆို ၅သိန်း…

မြဝတီအမှတ်၂ ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲပြင်းထန်၍ ပြည်သူများယနေ့ထိတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၂ချစ်ကြည် ရေးတံတားတွင် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်၍ ပြည်သူများက တံတားအနီးကနေမှ ဝေးဝေးရှောင်နိုင်ရန် ယနေ့ထိတိမ်းရှောင်နေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ည ၇…

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းဖွင့်လှစ်

ဧပြီ ၂၁၊ ၂၀၂၄ ခမ်းသားငေါဝ်း နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSFL/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းကို ဧပြီလ ၂၀ ရက်ကဖွင့်လှစ်လိုက်ကြောင်းသိရသည်။…

ဆီဆိုင်မြို့နောင်သဲင်ရွာတွင် ရေသွားခပ်သည့် စစ်ရေရှောင် လူငယ်သုံးဦးပျောက်ဆုံးနေ

ခမ်းသားငေါဝ်း ဧပြီလ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စု နောင်ဆိုင်(သဲင်)ရွာနေ စစ်ရှောင်လူငယ်သုံးဦး ဧပြီ ၁၉ ရက်နေ့က ရေသွားခပ်စဥ်ပျောက်ဆုံးသွားကြောင်း မိသားစုများထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် တောထဲတစ်နေရာ စစ်ရှောင်နေသည့် နောင်ဆိုင်(သဲင်)ရွာ သားသည် ရေသွားခပ်ရန်ထွက်သွားစဥ် အဆက်သွယ်ပြတ်ပြီးပျောက်သွားကြောင်းသိရသည်။…

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဥ်းသား သုံးထောင်ကျော်တွင် နိုင်ငံရေးအကျဥ်းသာ ၁၀၀ သာပါရှိ

ခမ်းသားငေါဝ်း ဧပြီ ၁၉ ၊ ၂၀၂၄ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း အကျဥ်းချခံထားရသူ အကျဥ်းသား (၃၃၀၃) ဦးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဥ်းသာ (၁၀၀) ဝန်းကျင်သာပါရှိကြောင်းသိရသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာသူများအထဲ မှအများစုသည် လွတ်ရက်နီးနေပြီဖြစ်သည့် အကျဥ်းသားများဖြစ်ကြောင်း…

စစ်ကောင်စီတပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်

ခမ်းသားငေါဝ်း ဧပြီ ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်မှ တပ်သားညီညီနိုင်သည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာတွင်…