ခမ်းသားငေါဝ်း
ဧပြီ၂၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲအခြေအနေယခင်ထက်ငြိမ်နေသော်လည်း စစ်ရှောင်အရေ အတွက်များနေဆဲဖြစ်ကြောင်း ဧပြီလ(၂၉)ရက်နေ့ ပအိုဝ်းလူငယ်အစည်းအရုံ PYO တွင်ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲကြောင့် ဆီဆိုင်၊ညောင်ရွှေ၊ဟိုပုံး၊ပင်လောင်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ၂၁ ရက်နေ့မှ ဧပြီ ၂၇ရက်နေ့အထိ စုစုပေါင်း(၉၈)ရက်တာအတွင်း စစ်ရှောင်စုစုပေါင်း ၇၁၃၄၀ဦးအထိရှိလာသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“တအိမ်ထောင်လျှင် (၁)ဦး (သို့) (၂)ဦး ပြန်နေကျတာမျိုး တွေ့ရပေမယ့် တဖက်မှာလည်း မြေပြင်တိုက်ပွဲပြင်းထန်လို့ ထွက်ပြေးကြရတဲ့ ကျေးရွာလည်း ရှိပြန်တယ် အဲရွာတွေက နောင်ရင်း၊ နောင်ယွေးနှင့် လုံးဖိုး တို့ ဖြစ်ပါတယ် အဲကြောင့် ဒီအပတ်ထဲမှာတော့ စစ်ရှောင်ဦးရေ တိုးခြင်း လျော့ခြင်း မတွေ့ရသေးပါဘူး”ဟုPYOမှတာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့အနှီးတစ်ဝိုက်ဖြစ်သော ဝါတော၊ ဟော်တောင်၊ ဟော်မြောက်၊ ဘုရားဖြူရွာတို့မှ စစ်ဘေးရှောင်ဒေသခံပြည်သူများကို စစ်ကောင်စီနှင့် PNO ပြည်သူစစ်သည် ဧပြီလ ၂၈ ရက်နေ့ကို နောက်ဆုံးထားပြီး မိမိနေရပ်ကို ပြန်နေထိုင်ကြရန် မနေပါက ဒဏ်ကြေးများပေးဆောင်ကြရမည်ဟု ပြောထားသော်လည်း မိသားစုအလိုက် ပြန်နေခြင်းမရှိသေး
ကြောင်း၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများသည် ဆီဆိုင်မြို့သို့ လာပြီး ထီးမန်း၊ ကောင်းမှုဗွာ၊ နမ့်ဩ၊ ဝါးတောကျေးရွာများ၏ ဒေသခံများကို တစ်ရွာလျှင် (၅၀)ဦးနှုန်းဖြင့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ဆီဆိုင်မြို့ပေါ်စာသင်းကျောင်းနှင့် ဆေးရုံးဆေခန်းကို သန့်ရှင်းရေး ပြုလုပ်စေခဲ့ကြောင်းသိသည်။

ထို့အပြင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၃၀၄၈ အကြိမ်ပြုလုပ်ခဲ့ပြီး အဆောက်အဦးထိခိုက်ပျက်စီးမှု ၆၁၀ ခုရှိခဲ့ကာ အရပ်သား ၆၆ ဦးလည်းသေဆုံးခဲ့သည်ဟု PYO အချက်အလက်အရဖော်ပြထားပါသည်။

ယင်းသေဆုံးသွားသည့်အထဲတွင် လက်နက်ကြီးထိမှန်ခြင်းကြောင့် သေဆုံးခဲ့ရသူ ၁၈ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၁၆ဦး၊ အဖမ်းခံရပြီး သေဆုံးခဲ့ရသူ ၁၆ ဦးနှင့် စစ်ရှောင်နေရင်း ပစ်သတ်ခံရခြင်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင်သတ်ဖြတ်ခံရခြင်းနှင့် ကြောက်လန့်ထွက်ပြေးသွားသည့်အတွက် စစ်သားများမှ လိုက်လံပစ်ခတ်ရှင်းလင်း၍ ၁၆ ဦးသေဆုံးမှု ရှိခဲ့ကြောင်းဆိုသည်။

#PPV004၊PPV008

Leave a Reply

Your email address will not be published. Required fields are marked *