ခမ်းသားငေါဝ်း
ဧပြီ ၂၄ ၊ ၂၀၂၄

အောင်ပန်းမြို့တွင် အမည်မသိပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုထပ်မံ တွေ့ရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့ အနီး ကမ်းပါးနီးရွာနှင့် ညောင်ကုန်းရွာ ချောင်းအစပ်၌ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

” သက်ဆိုင်ရာရဲ့ ညွန်ကြားချက်ကြောင့် အလောင်းကို ဆေးရုံရောက်မှတွေ့ခွင့်ရတယ်၊ အလောင်းကရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ၊ မျက်နှာတွေမှာ အသားတွေလည်းမရှိတော့ ဘယ်သူဘယ်ဝါမှန်း မသိနိုင်ဘူး”ဟု အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူ တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဘာကြောင့်ဖြစ်သွားတယ်ဆိုတာကို သက်ဆိုင်ရာက ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း၊ မိသားစုဝင်များက လာရောက်ဆက်သွယ်မေးမြန်းထားခြင်းမရှိသေးကြောင်း ၎င်း ကဆက်ပြောသည်။

ယမန်နေ့တွင်လည်း အောင်ပန်းမြို့ အနီး ကုန်းနီကျေးရွာအရှေ့တောင်ဘက်တွင် ပိုင်ရှင်မဲ့ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *