ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၄
အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၆ ဦးထိရှိလာသည်ဟု ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအစင်း AAPP က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း တော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃)ဦးရှိလာကာ မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ(၄၃)ဦး အပါအဝင် (၁၉၉)ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသောကြောင့် သေဒဏ်ချမှတ် ခံထားရသူမှာ (၁၆၆)ဦးအထိရှိလာခဲ့သည်။
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့်၎င်း၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီလှုပ်ရှားသူများ (၄၉၂၇)ဦးအထိရှိလာပြီး အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ(၁၇၀၀)ဝန်းကျင်တွင်လည်းသီးခြားစာရင်းပြုစုထားကြောင်းဖော်ပြထားသည်။
ထို့အပြင် အာဏာသိမ်းဖြစ်စဥ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၆၅၆၁)ဦး အထိရှိလာပြီး ယင်းအထဲမှ (၂၀၃၅၈)ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ထိန်းသိမ်းခံရသည့်သူများအနက် (၈၉၃၄)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖမ်းဆီးခံရပြီးနောက်ပြန်လည်လွတ်မြောက်လာသူ (၆၂၃၀)ဦးအထိရှိလာသည် ဟုလည်းထုတ်ပြန် ထားပါသည်။
PPV008