ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၄

ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တစ်နေရာတွင် စစ်ရှောင်နေရင်း ၊တောင်ယာလုပ်နေသည့် လင်မယားနှစ်ဦးအား စစ်ကောင်စီကဖမ်းဆီး နှိပ်စက်ပြီး ပစ်သတ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အနောက်ဖက်ခြမ်းတွင် ဧပြီလ၂၃ ရက်နေ့က တောင်ယာလုပ်နေသည့် စစ်ရှောင်လင်မယားကို စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့သည်၊၊

“စစ်ရှောင်ရင်းနဲ့ တောင်ယာလုပ်နေတာ သူတို့တောင်ယာလုပ်တဲ့ဘက် စစ်သားတွေက စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ သူတို့လင်မယားကို ပစ်သတ်သွားတယ်။ ကလေးသုံးယောက်ကျန်ခဲ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသူသည် ဖယ်ခုံမြို့၊ဟိန္ဒမရပ်ကွက်နေ ဦးမျိုး၊ မရှ တို့ဖြစ်ကြောင်း သိရသည်။

အလားတူပင် ဧပြီလ၂၁ ရက်နေ့တွင် ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တောင်ယာလုပ်နေသည့် စစ်ရှောင်မိသားစု နှစ်ခု ကို စစ်ကောင်စီက ဖမ်းဆီးနိပ်စက်ခဲ့ပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်ခဲ့သေးကြောင်း သိရသည်။

ဖယ်ခုံမြို့အနောက်ဖက်၌ ယခုတွင် တိုက်ပွဲ ကြိုကြိုကြားကြားဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က်လည်း အင်အားအများအပြားဖြင့် ထိုးစစ်ဆင် စစ်ကြောင်းထိုးလာကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *