ခမ်းသားငေါဝ်း
ဧပြီ ၂၃၊ ၂၀၂၄

PNO ​ပြည်သူ့စစ် ပေါ်တာဆွဲဖမ်းဆီးသဖြင့် စင်းတောင်းရွာ လူလတ်ပိုင်း အမျိုးသားများ အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲ သွားအိပ်နေရကြောင်း ဒေသခံကပြောသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာတွင် ဧပြီလအတွင်း PNO ပြည်သူ့ စစ်က ရွာသားများအား ပေါ်တာဆွဲဖမ်းဆီးပြီး အလှည့်ကျဖြင့် တိုက်ပွဲဖြစ်ပွားရာရှေ့တန်းသို့ သွားခိုင်းသည့်အတွက် အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲအိပ်နေရသည်၊၊

“၁၅ ရက် ၁ ခါ လူစား အလှည့်ကျ ရှေ့တန်းသွားခိုင်း တယ်။ရွာသားတွေ လည်းကြောက်ကြတယ် ထိုင်းဖက်သွားသူလည်းများတယ်။ ခုဆိုဘယ်မှမရှောင်နိုင်တဲ့သူဆို တောထဲမှာအိပ်ရတယ်”ဟု ရွာသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် PNO ပြည်သူ့စစ် အတွက်အသုံးစရိတ်ဟုဆိုကာ တစ်လလျှင်ငွေ ၇ သောင်းကျပ်လည်းလစဉ် ကောက်ခံကြောင်း သိရသည်။

စင်းတောင်းရွာသည်ပင်လောင်း-လွိုင်ကော် ကားလမ်းမပေါ်တွင်ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိကာ ခရမ်းချဥ်သီး၊ ရွှေပဲ၊ လက်ဖက်များကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *