ခမ်းသားငေါဝ်း
ဧပြီ ၂၃၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသရှိ အာလူးဈေးသည် ယခင်ထက် ဈေးကောင်းရရှိလာသည်ဟု ဧပြီလ၂၃ ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။

ယခင်လတွင် အာလူးဈေး တစ်ပိဿာလျှင် ၂၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုလက်ရှိတွင် တစ်ပိဿာ ၂၅၀၀ နှင့် ၃၀၀၀ ကျပ်ဝန်းကျင်ရှိလာကြောင်းသိရသည်။

“တိုက်ပွဲအခြေအနေတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ကုန်တော့ဒေသထွက်ကုန်အတော်များများဈေးကျဆင်းသွားတယ် အခုလိုဈေးကောင်းပြန်ရလာတော့တောင်သူတွေအတွက် အားတက်စရာဖြစ်စေတယ်” ဟုအာလူးစိုက်ပျိုး‌တောင်သူတစ်ဦးကပြောသည်။

နှစ်စတွင်အားလူးကိုပွဲရုံအထိရောင်းလျှင်တစ်ပိဿာတစ်ထောင်ကျော် နှစ်ထောင်ဝန်းကျင်သာရှိခဲ့ပြီး ယခုတွင်ဖောက်သည်ဈေးဖြင့် တစ်ပိဿာနှစ်ထောင်ငါးရာ နှစ်ထောင့်ခြောက်ရာကျပ်နှင့်အထက်ရှိနေပြီး အရင်ကထက်ဈေးတက်လာပြီး ဈေးကောင်း ရရှိလာသည်ဟု ၎င်းကဆက်ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ယခုလက်ရှိ အာလူးဈေးအပြင် ခရမ်းချဉ်သီး ၊ငရုပ်သီး ၊ကြက်သွန်၊ ဂျင်းများလည်း ယခင်ထက်ဈေးမြင့်တက်ပြီးစျေးကောင်းရနေ ကြောင်းလည်းသိရပါသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *