ခမ်းသားငေါဝ်း
ဧပြီ ၂၁၊၂၀၂၄

ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၂ချစ်ကြည် ရေးတံတားတွင် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်၍ ပြည်သူများက တံတားအနီးကနေမှ ဝေးဝေးရှောင်နိုင်ရန် ယနေ့ထိတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ည ၇ နာရီအချိန်တွင် စစ်ကောင်စီ၏ ခလရ ၂၇၅ မှ တပ်သား ၁၀၀ ကျော်လက်နက်မချပဲထွက်ပြေးရာမှ ကရင်ပူးပေါင်းတပ်က ဒရုန်းဖြင့်တိုက်ခိုက်ရာမှတစ်ဆင့် ဧပြီလ ၂၀ ရက်မှာ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအလွန်အကျွံအသုံးပြုခဲ့၍ ပြည်သူများထွက်ပြေးရသည်။

“ပြည်သူတွေထွက်ပြေးရတာတော့ ဒီနေ့မနက် ၁၀ နာရီထိပဲ ဒီနေ့အခြေအနေက ငြိမ်နေတယ် အရင်ရက်တွေလောက်မပြင်းထန်တော့ဘူး ဒါမဲ့ဘယ်ချိန်ပြန်ဖြစ်မယ်မသိဘူးပေါ့ဗျာ”ဟုမြဝတီမြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဧပြီ၂၁ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အမှတ်၂ ချစ်ကြည်ရေးတံတား၏ ဝဲယာ ရှေ့နောက်တို့ကို စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်လာရောက်တိုက်ခိုက်ဗုံးကြဲမှု ၁၂ လုံးပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူဗဟို၏ ယနေ့ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထို့အပြင် ဧပြီ ၂၀ ရက်နေ့၌လည်း စစ်ကောင်စီက Y-12၊Mi-35ရဟတ်ယာဥ်နှင့် ဂျက်ဖိုက်တာလေယာဥ်တို့နှင့် အဆက်မပျက်တိုက်ခိုက်၍ ပြည်သူများထိခိုက်မှုရှိသလို ပြည်သူများဘေးကင်းရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *