ဧပြီ ၂၁၊ ၂၀၂၄
ခမ်းသားငေါဝ်း

နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSFL/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန် PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းကို ဧပြီလ ၂၀ ရက်ကဖွင့်လှစ်လိုက်ကြောင်းသိရသည်။

နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂)ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA က ဖွင့်လှစ်ပေးခဲ့ သည်။

ထိုကျောင်း အခမ်းအနားသို့ PSLF/TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှုး(၂) ဗိုလ်မှူးကြီးတားပါင်လ၊ အုပ်ချုပ်ရေး ဒုဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်နှင့် အရာရှိအရာခံများ၊ သင်တန်းသား (၂၇)ဦးနှင့် ဒေသခံမိဘပြည်သူလူထုများ လူဦးရေ (၂၅၀)ကျော် တက်ရောက်ခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

ထိုနိုင်ငံရေးသိပ္ပံကျောင်းသည် အုပ်ချုပ်မှုစွမ်းရည်များမြှင့်တင်ပေးခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ အဖွဲ့အစည်းလုပ်ငန်းများတွင် စည်းစနစ်တကျလုပ် ဆောင်နိုင်ရန် စွမ်းရည်များမြှင့်တင်ပေးနေသည့်အတွက် အလွန်အရေးပါကြောင်း TNLA တွဲဖက် အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပါင်လကမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် တအာင်းတမျိုးသားလုံးနှင့် PSLF/TNLA အတွက် နိုင်ငံရေးဆိုင်ရာဦးဆောင်နိုင်သူများ၊ လုပ်ငန်းပိုင်းဆိုင်ရာဦးဆောင်နိုင်သူများနှင့် စီးပွားရေးဆိုင်ရာကဏ္ဍတွင်ဦးဆောင်သူများ ထွက်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်းတာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအား နိုင်ငံရေးဆိုင်ရာအတွေးအခေါ်များ၊ တော်လှန်ရေးဆိုင်ရာအတွေးအခေါ်များ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေးအခေါ်များ မြှင့်တင်ပေးသောအားဖြင့် ထိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။

#PSLF/TNLA
#နိုင်ငံရေး သိပ္ပံကျောင်း
#နမ့်ဆန်
#ရှမ်းမြောက်
#ppv002

Leave a Reply

Your email address will not be published. Required fields are marked *