ခမ်းသားငေါဝ်း
ဧပြီလ ၂၁၊၂၀၂၄

ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စု နောင်ဆိုင်(သဲင်)ရွာနေ စစ်ရှောင်လူငယ်သုံးဦး ဧပြီ ၁၉ ရက်နေ့က ရေသွားခပ်စဥ်ပျောက်ဆုံးသွားကြောင်း မိသားစုများထံသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် တောထဲတစ်နေရာ စစ်ရှောင်နေသည့် နောင်ဆိုင်(သဲင်)ရွာ သားသည် ရေသွားခပ်ရန်ထွက်သွားစဥ် အဆက်သွယ်ပြတ်ပြီးပျောက်သွားကြောင်းသိရသည်။

“တောထဲစစ်ရှောင်ရင်း ရေမရှိလို့ ရေဆင်းခပ်တာ ခုချိန်ထိအဆက်သွယ်မရတော့ဘူး မိသားစုတွေကစိုးရိမ်နေပါတယ်”ဟု မိသားစုဖြစ်သူက ခမ်းသားငေါဝ်း ကိုပြောသည်။

ပျောက်သွားသည့်လူငယ်သုံးဦးသည် အသက် ၁၄ နှစ် တစ်ဦး ၁၆ နှစ်တစ်ဦး ၊ ၂၉ နှစ် တစ်ဦးဖြစ်ကြကြောင်းသိရသည်။

ပျောက်ဆုံးနေ သည့်သူကိုတွေ့ရှိခဲ့ပါက ဖုန်းနံပါတ် ၀၉၇၉၉၃၀၁၀၃၁ ကိုဆက်သွယ်ပေးရန်လည်း မိသားစုက တောင်းဆိုထားသည်။

ထိုမိသားစုသည်ဆီဆိုင်တိုက်ပွဲစဖြစ်ချိန် ကက္ကူဘက်သို့စစ်ရှောင်ခဲ့ပြီး တိုက်ပွဲ ငြိမ်ပြီးအခြေအနေကောင်းပြီဟုအထင်နှင့် နေရပ်ပြန်ကာ တိုက်ပွဲဆက်လက်ပြင်းထန်နေ၍တောထဲစစ်ရှောင်နေခဲ့ကြောင်းသိရသည်။

တောထဲတွင် ဆန်၊ဆီ၊ဆားအခြေခံစားသောက်ကုန်အခက်ခဲအပြင် ရေလည်းရှားပြီး အကူညီမဲ့နှင့်အခက်ခဲများကြုံတွေ့နေရကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *