ခမ်းသားငေါဝ်း
ဧပြီ၂၁၊ ၂၀၂၄

ရွာငံ မန္တလေး အဝေးပြေးလမ်းမပေါ် မြင်းကျဒိုးရဲကင်းစခန်းကို ဧပြီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ က ရွာငံ PDF(JPRF)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးရဲကင်းကို ရွာငံPDF(JPRF)ကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်က ၃ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း JPRF ထုတ်ပြန်ချက်အရ သိရသည်။

မြင်းကျဒိုးရဲစခန်းကို ရွာငံPDF က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့​ခြင်း ဖြစ်ပြီး စခန်း၌စစ်အင်အား အယောက် ၃၀ နီးပါးရှိကာ မိနစ် ၅၀ ဝန်းကျင် အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ဒုတပ်ကြပ်တဦးကို အရှင်ဖမ်းမိခဲ့ပြီး Ak-47 တလက်၊ ရိုင်ဖယ် တလက်နဲ့ ကျည်ဆံအတောင့် ၃၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ရွာငံ PDF ဖက်က ရဲဘော်တဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#ppv002