ခမ်းသားငေါဝ်း
ဧပြီ ၁၈ ၊ ၂၀၂၄

ရှမ်းတောင်တွင်တိုက်ပွဲဖြစ်ပွားပြီး ၈၄ ရက်အတွင်းအရပ်သား ၆၁ ဦးသေဆုံးခဲ့ရပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ဧပြီ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ညောင်ရွှေမြို့နယ်တို့တွင် လက်နက်ကြီးထိမှန်ခြင်းကြောင့် ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ အဖမ်းခံရပြီး သေဆုံးသူ ၁၅ ဦး၊ တစ်ခြား အကြောင်းမျိုးမျိုးကြောင့်သေဆုံးသူ ၁၂ ဦးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သေဆုံးသူအထဲတွင် အမျိုးသား ၄၃ ဦး၊အမျိုးသမီး ၄ ဦးနှင့် အတည်မပြုနိုင်သေးသူ ၈ ဦးပါဝင်ကြောင်း သိရသည်။

ထိုအပြင် တိုက်ပွဲအတွင်းတွင်စစ်ကောင်စီလေကြောင်း ၄၆၂ ကြိမ်နှင့်လက်နက်ကြီးပစ်ခတ်မှု၂၈၄၆ ကြိမ်တိုက်ခိုက်သည့်အထဲတွင်အရပ်သားနေအိမ် ၅၅၂ လုံး၊ဘာသာရေးအဆောက်အအုံ ၂၅ လုံး၊ စာသင်ကျောင်း ၁၂ ခု၊လမ်းတံတား ၂ ခု၊ဆေးရုံ ဆေးခန်း ၄ ခု၊စျေးတစ်ခုလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယခုတွင် စစ်ဘေးတိမ်းရှောင်နေရသူ ၇၀၃၀၀ နှင့်အထက်ရှိနေဆဲဖြစ်ပြီး ထိုသူတို့အတွက် စားနပ်ရိက္ခာများ၊ သောက်သုံးရေများ၊ ဆေးဝါးများလည်း လိုအပ်နေကြေကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *