ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၄

ဆောင်ဖိုးကျေးရွာသို့ ရောက်ရှိနေသည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကျန်းမာရေးစောင်ရှောက်မှုမရသဖြင့် ကလေးမီးဖွားပြီး ကလေးသေဆုံးသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကောင်မူးဗွာရွာနေ နန်းကြည်ဆွေသည် ကိုယ်ဝန်ဆောင်စဥ်ကတည်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိသဖြင့် ဧပြီလ ၁၅ ရက်နေ့တွင် ကလေးမီးဖွားပြီး ကလေးသေဆုံးခဲ့သည်။

“မွေးပြီး ဆရာမက သူ့ကလေးကို ပုတ်လဲ ကလေးကမအော်နေဘူး။ မနက် ၇ နာရီကမွေးတယ် ကလေးကမငိုဘူး အဲ့တော့အောက်စီဂျင် နဲ့လုပ်ပေးထားရတယ်။ ၉ နာရီရောက်တော့ဆုံးသွားတယ်။”ဟု တစ်ရွာတည်းနေ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိမီးဖွားနေသည့် စစ်ဘေးရှောင်သည် ငွေကြေးအခက်ခဲလည်းရှိနေပြီး ဆေးဝါး၊ အားရှိသည့် အစားအစာ၊ စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။

မီးဖွားနေသည့် ဆီဆိုင်မှစစ်ဘေးရှောင်အမျိုးသမီးနှင့် အခြားစစ်ဘေးရှောင်တို့သည် ကျောက်တလုံးကြီးမြို့နယ်၊ ဆောင်ဖိုးရွာ အပြင်ဖက်တွင်ရွာသားများက တဲဆောက်ပေးပြီး နေနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲ ဖြစ်ပွားသည့်သုံးလအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သား၂ သိန်းရှိပြီဖြစ်ကြောင်း ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *