ခမ်းသားငေါဝ်း
ဧပြီ ၁၈၊ ၂၀၂၄

အာဏာသိမ်းပြီးယနေ့အချိန်ထိ ဝန်ကြီးအဆင့်အပါအဝင် နိုင်ငံရေး အကျဥ်းသား ၅၂ ဦးသာပြန်လည်လွတ်မြောက်ခဲ့ကြောင်း DVB နှင့် နိုင်ငံရေးအကျဥ်းသားကူညီရေးအသင်း AAPP တို့ပူးပေါင်းစီစဥ်တင်ဆက်မှုတွင်ဆိုထားသည်။

စစ်ကောင်စီဖက်က အာဏာသိမ်းပြီး ၃ နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် (၁၄)ကြိမ်ပြုလုပ်ခဲ့ရာ လွတ်မြောက်လာသူများ ၏ ၉၃ ရာခိုင်နှုန်းမှာ ရာဇဝတ်သားများဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၇ ရာခိုင်နှုန်းသာပါဝင်ကြောင်း AAPP ၏ ဖော်ပြချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ရွေးချယ်တင်မြောက်ထားသည့် အရပ်သားအစိုးရဝန်ကြီး ၁၀၂ ဦးအပြင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၁၁၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *