ခမ်းသားငေါဝ်း
ဧပြီ ၁၉ ၊ ၂၀၂၄

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း အကျဥ်းချခံထားရသူ အကျဥ်းသား (၃၃၀၃) ဦးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဥ်းသာ (၁၀၀) ဝန်းကျင်သာပါရှိကြောင်းသိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာသူများအထဲ မှအများစုသည် လွတ်ရက်နီးနေပြီဖြစ်သည့် အကျဥ်းသားများဖြစ်ကြောင်း AAPP နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

ထို့အပြင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆန်ဆွမ်သည် လွတ်မြောက် လာခဲ့သော်လည်း ည ၉ နာရီအချိန်ခန့်တွင် ပြန်လည်ဖမ်းဆီးခြင်းခံရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုဖြစ်စဥ်စတင်ချိန်မှ ဧပြီလ (၁၈) ရက် ၂၀၂၄ အထိ မတရားအာဏာသိမ်းမှုဖြစ်စဥ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူစုစုပေါင်း (၂၆၅၃၄)ဦးရှိပြီး (၂၀၃၄၂) ဦးမှာထိန်းသိမ်းခံရဆဲဖြစ်ကာ (၈၉၃၁) ဦးမှာ ထောင်ဒါဏ်ချမှတ်ခံရ၍ ပြန်လည်လွတ်မြောက်လာသူဦးရေစုစုပေါင်းမှာ ( ၆၁၉၂) ဦးရှိကြောင်း AAPP ၏အချက်အလက်တွင်ဖော်ပြထားသည်။

PPV003

You missed