ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၄

​ဧပြီလပထမပတ် ဆယ်ရက်အတွင်း နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင်သေဆုံးသူ ၁၂ ဦးထိရှိကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်၊၊

ဧပြီ ၁ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့ထိအမျိုးသမီး (၁၂)သေဆုံးပြီး၊ (၁၈) နှစ်အောက်မိန်းကလေး (၂) ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်း AAPP က ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူ(၁၂) အနက် (၆) ဦးသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပြီး၊ (၅) ဦးသည် လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်ကာ ကျန် (၁) ဦးသည် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရကြောင်း အချက်အလက်တွင်ဖော်ပြထားသည်။

ထို့အပြင်သေဆုံးသူ(၁၂) အနက် (၅) ဦးသည်စစ်ကိုင်းတိုင်းကဖြစ်ပြီး သေဆုံးမှုအများဆုံးဒေသဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအမျိုးသမီးသမဂ္ဂ BUW ၏ ဧပြီ ၁ ရက်နေ့ထုတ်ပြန်ချက်တွင် စစ်ကောင်စီအာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီးသေဆုံးမှု ၇၅၄ ဦးရှိကြောင်းဆိုထားသည်၊၊

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *