ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၄

လွယ်ယင်း၊ ပီကင်းရွာအား စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးလာကြဲခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ယင်းနှင့် ပီကင်းရွာတွင် ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၈ မီနစ်တွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးလာကြဲခဲ့ခြင်းကြောင့် ကလေးငယ်နှစ်ဦးအပါဝင် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့သည်၊၊

“သူတို့ နှစ်ကြိမ်လာကြဲတယ်။ သေဆုံးသူက လွယ်ယင်းရွာက ဖြစ်တယ်။ ဒဏ်ရာရသူတော့ လွယ်ယင်းယော၊ ပီကင်းရွာယော ဒဏ်ရာရကြတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူများသည်ဒေါ်မူဆူး ၆၅ နှစ်၊ မသန်တာဦး ၁၂ နှင့် မောင်ဆန်းမင်းအောင် ၃ နစ်တို့ဖြစ်ကြကြောင်း သိရသည်။

ဒဏ်ရာရသူများသည် ယခုတွင် ဘေကင်းရာတနေရာတွင်ဆေးကုသနေရပြီး လူများ ထိခိုက်သေဆုံးသည့်အပြင် လေယာဥ်ဗုံးကြဲခြင်းကြောင့် အရပ်သားနေအိမ် ၆ လုံးထက်မနည်းလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့ သည့်မတ်လ၂၂ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ လအိဆေးရုံလည်း လေယာဉ်ဖြင့်ဗုံးလာကြဲသဖြင့် ဆေးရုံပျက်စီးပြီး နှစ်ဦးသေဆုံး ခဲ့ရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *