ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၄

စစ်ကောင်စီတပ် ခလရ- ၂၇၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက မြဝတီ အမှတ်(၂) တံတားတွင် သွားရောက်ခိုလှုံနေပြီး ရမ်းသမ်းပစ်ခတ်နိုင်သဖြင့် ထိုနေရာတဝိုက်မသွားရန် KNU ဗဟိုကသတိပေးထားသည်။

ကရင်ပြည်နယ် မြဝတီမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီတပ်များအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန် စီစဥ်လျက်ရှိသော်လည်း ယခုထိသွားရောက်နိုင်ခြင်းမရှိဘဲ ပိတ်မိနေပြီး ပြည်သူလူထုများအား ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နိုင်သည့်အတွက် မြဝတီတံတားအမှတ်(၂) အနီးတစ်ဝှိုက်သွားရောက်ခြင်းမပြုလုပ်ရန် KNU ဗဟို မှ သတိပေးစာ ထုတ်ပြန်ထားသည်၊၊

မြဝတီမြို့ရှိတပ်စခန်းအားလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရသောအကြမ်းဖက် များအနေဖြင့် ပြည်သူလူထုများနေထိုင်သော ဒေသများအတွင်း လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်နိုင်သောကြောင့် ဘေးကင်းလုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် သတိပေးစာတွင်ဖော်ပြထားသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *