ခမ်းသားငေါဝ်း
ဧပြီ ၁၂၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက် ကြီးပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ်တစ်လုံးမီးလောင်ပြာကျသွားခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နန်းတုတ်ကျေးရွာအုပ်စု၊ပင်စုံရွာတွင် မတ်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ နေအိမ်မီးလောင်ခြင်းများ ဖြစ်ပွားခဲ့ရသည်၊၊

“ဧပြီ ၁၀ ရက်က ရွာအရှေ့ဘက်ကို တစ်ရက်တည်း ၁၁ လုံးကျတယ်။ မနေ့ကလည်းတစ်နေကုန် ပစ်တယ်။ အိမ်တစ်ချို့လည်း ပျက်စီးပြီ။ အိမ်တစ်လုံးတော့ မီးလောင်ပြာကြတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီရုတ်တရက် လက်နက်ကြီးပစ်ခတ်လာခြင်းကြောင်းရွာသားများလည်း ထွက်ပြေးရကာ အဖိုးတန်ပစ္စည်းများလည်း မယူခဲ့ရဘဲ ချန်ထားခဲ့ရကြောင်းသိရသည်။

“ခုက သူခိုးအရမ်းများတော့ ရွာသားတွေက ကိုယ့်အိမ် ဖောက်ခံရမှာ ပစ္စည်းတွေပျောက်မှာ စိုးရိမ်နေကြတယ်။ ပစ္စည်းပြန်သယ်ဖို့တော့လုပ်နေကြတယ်။ဒါပေမယ့် လက်နက်ကြီးလည်းကျနေဆဲပါဘဲ”ဟု ၄င်းကဆက်ပြောသည်။

မတ်လ ၁၀ ရက်နေ့တွင် ပင်စုံရွာသို့ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *