ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

ကယား(ကရင်နီ)ပြည်ရှိ လွိုင်ကော်မြို့၏ အဝင်အ ထွက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်ဟု ဧပြီလ(၁၁)ရက်က သိရသည်။

၁၁၁၁ စစ်ဆင်ရေးနောက်ဆက်တွဲနှင့်အတူ လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အ တွက်ကြောင့် လွိုင်ကော်မြို့ရှိ အဝင်အထွက်လမ်းကို လုံခြုံရေးအရ ပိတ်ထားသည်ဟုသိရသည်။

“လွိုင်ကော်မြို့ပေါ်မှာ စစ်မြေပြင်ဖြစ်နေတဲ့အတွက် လွိုင်ကော်မြို့ကိုဝင်တဲ့လမ်း ကြောင်းတွေအားလုံး ကတော့လုံခြုံရေးအရ ပိတ်ထားရတယ် ဘယ်လမ်းကြောင်းမှတော့မဖွင့်ပါဘူး ဘယ်လမ်းကြောင်းမှတော့ ဝင်လို့မရပါဘူးဟု” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲနှင့်နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင်း လမ်းကို မည်သည့်အချိန်ထိပိတ်ထားမည်ကို မသေချာသေးကြောင်းလည်းဆိုသည်။

လွိုင်ကော်မြို့ထဲတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားတိုက်ပွဲပြင်းထန်နေလျက်ရှိပြီး လက်ရှိတွင် ကယား(ကရင်နီ)ဒေသရှိ စစ်ကောင်စီတပ်စခန်း၊စခန်းကုန်း ၆၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်းလည်းသိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *