ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

မိုင်းနင်းမိခဲ့သည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာတွင် မတ်လ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး ခြံသွားစဉ်မိုင်းနင်းမိပြီးလျက်ရှိ စဝ်းစံထွန်းဆေးရုံသို့ ဆေးကုသနေလျှက်ရှိကြောင်း သိရသည်။

“သူတို့က အခက်ခဲရှိတော့ အလှူရှင်ကိုဘဲ မှီခိုပြီး ဆေးကုသနေရတယ်။ ခြံသွားလမ်းမှာ နင်းမိတာပါ “ဟု ရွာခံတစ်ဦးကပြောသည်။

ယင်းမိုင်းအန္တရာယ်ကြောင့် ယခုတွင် ရွာသားများ ခြံ၊တောင်ယာများ၊ မသွားရဲကြသည့်အပြင် ကျေးရွာထဲတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ လာရောက်တပ်စွဲနေထိုင်နေကြောင်း သိရသည်။

“ဗုံးတွေကြောက်လို့ ခြံမသွားရဲကြဘူး ။တိုက်ပွဲကမဖြစ်တော့ဘူး။ မိုင်းက ဘယ်အဖွဲ့မှလည်း မရှင်းပေးသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်မတ်လ၂၃ ရက်နေ့တွင် လွယ်ဝိုးတုတ်ရွာအနီးရှိ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၏လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားနေအိမ် ၈ လုံး တိုက်ပွဲအတွင်းမီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *